Blog Detail

  • Bad habbit_882.jpg

    လုပ်ငန်းခွင်အတွင်း မပြုလုပ်သင့်တဲ့ အဆိုးဆုံးအပြုအမူလုပ်ရပ် (၇)ချက်

    သင့်အနေနဲ့ ဘယ်လောက်အရည်အချင်းရှိပြီး ပြည့်စုံနေသူတစ်ယောက်ဖြစ်နေပါစေ၊ သင့်အား လူအများရဲ့အမြင်မှာ မကောင်းသော လူတစ်ယောက်အဖြစ် ချက်ချင်းပြောင်းလဲစေမယ့်အပြုအမူတချို့ဆိုတာ ရှိပါတယ်။
    ထိုအပြုအမူများကို သင့်လုပ်ငန်းခွင်အတွင်းမှာပြုလုပ်မိမယ်ဆိုရင်ဖြင့် သင့်အား လူအများက ဖယ်ခွာပြီး ပေါင်းသင်းဆက်ဆံရေးအတွက်သာမက ဘ၀တက်လမ်းအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။
    လုပ်ငန်းခွင်အတွင်း မပြုလုပ်သင့်တဲ့ အဆိုးဆုံးအပြုအမူလုပ်ရပ် (၇) ခုကို မိတ်ဆွေတို့ ရှောင်ရှားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

    (၁) နောက်ကျောဓားနဲ့ထိုးခြင်း
    ++++++++++++++
    အလုပ်အတွင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ချောက်ချကာ နောက်ကျောဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုးကို ပြုလုပ်တာဟာ လုပ်ငန်းခွင်အတွင်းအကြီးမားဆုံး ခိုက်ရန်ဖြစ်ပွားမှုရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။
    ဒါဟာ လုပ်ငန်းခွင်အတွင်းဆက်ဆံရေးကိုအဆိုးရွားဆုံး ထိခိုက်စေတတ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

    (၂) အတင်းပြောခြင်း
    ++++++++++
    လုပ်ငန်းခွင်အတွင်းတွင် လုပ်ဖော်ကိုင်ဖက်
    အချင်းချင်း ကွယ်ရာအတင်းပြောတာဟာ အနုတ်လက္ခာဏာဆောင်စေတဲ့ အရာတစ်ခုအဖြစ် ထိခိုက်မှုရှိစေပါတယ်။
    တစ်စုံတစ်ဦးရဲ့ သိက္ခာများကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ အတင်းပြောသည်ဖြစ်စေ၊ အပျော်သဘောဖြင့်အတင်း ပြောသည်ဖြစ်စေ ပြုလုပ်သူကို အခြားသူများက မယုံကြည်ရသူအဖြစ် သတ်မှတ်ကာ တဖြည်းဖြည်း ဖယ်ခွာသွားကြပါတယ်။
    ဒါ့ကြောင့် အတင်းပြောတာဟာ လုပ်ငန်းခွင်အတွင်း မပြုလုပ်သင့်တဲ့ မကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။

    (၃) အနိုင်ကျင့်နှိပ်စက်ခြင်း
    ++++++++++++
    လုပ်ငန်းခွင်အတွင်း အလုပ်ရှင်မှဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဖြစ်စေ အနိုင်ကျင့်နှိပ်စက်မှုများကို ပြုလုပ်တတ်ပါတယ်။
    စကားလုံးဖြင့်ဖြစ်စေ၊ အပြုအမူနဲ့ဖြစ်စေ စိတ်ထိခိုက်စေခြင်း၊ ကြောက်လန့်စေခြင်း၊ ငိုစေခြင်းတို့ဟာ အလုပ်ခွင်အတွင်းမှ အလွယ်တကူ နုတ်ထွက်တာမျိုးကိုဖြစ်စေပါတယ်။
    ဒါ့အပြင် အနိုင်ကျင့်သူအား အလုပ်ခွင်အတွင်းမကောင်း ဆိုးဝါး တစ်ယောက်အနေဖြင့် သတ်မှတ်ခံရပြီး အားလုံးက ဖယ်ခွာခြင်းကို ခံရမှာဖြစ်တာကြောင့် မပြုလုပ်သင့်တဲ့ အဆိုးဆုံးအရာတစ်ခု ဖြစ်ပါတယ်။

    (၄) အလုပ်ကိုမုန်းတီးကြောင်း တဖွဖွညည်းတွားခြင်း
    +++++++++++++++++++++++++
    လုပ်ငန်းခွင်အတွင်း သင်တာ၀န်ယူထားရသည့် အလုပ်ကို စိတ်ပျက်မုန်းတီးကြောင်း အမြဲလိုလိုညည်းတွားနေသည်ကို လုပ်ဖော်ကိုင်ဖက်များက အမြဲကြားသိနေရမယ်ဆိုရင် သင့်အား မကောင်းမြင်သူ၊ ရွပ်ရွပ်ချွံချွံ မဆောင်ရွက်ချင်သူတစ်ယောက်အဖြစ် သတ်မှတ်သွားနိုင်ပါတယ်။
    ဒါ့အပြင် သင့်အနေနဲ့ အောင်မြင်ဖို့ တက်လမ်း
    မရှိသူဟု အလုပ်ရှင်မှ ယူဆသွားပြီး ခဏတာ
    အတွင်း သင့်နေရာသို့ အခြားတက်လမ်းရှိသူ၊
    တက်ကြွသူအား အစားထိုးဖို့ ပြုလုပ်သွားနိုင်
    တာကြောင့် အလုပ်အပေါ်မုန်းတီးကြောင်း ညည်း
    တွားခြင်းမျိုး မပြုလုပ်မိဖို့ သတိပြုသင့်ပါတယ်။

    (၅) မီးလောင်ရာလေပင့်လုပ်ခြင်း
    +++++++++++++++
    လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ
    ဖြစ်လာသည့်အပေါ်တွင် အပျက်သဘောဖြင့်
    မီးလောင်ရာလေပင့်လုပ်ကာ ကြား၀င်ဖြေရှင်းခြင
    မျိုးမလုပ်သင့်ပါဘူး။
    ထိုသို့ပြုလုပ်ခြင်းဟာတစ်စုံတစ်ယောက်အပေါ် ထိခိုက်နစ်နာစေလိုသောစိတ်ဖြင့် လည်းကောင်း၊ ပြဿနာပိုမိုကြီးထွားလိုသောစိတ်ဖြင့်လည်းကောင်း မီးလောင်ရာလေပင့်ပြုလုပ်သူအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။
    ဒါဟာလုပ်ငန်းခွင်အတွင်းမှာသာမက လုပ်ငန်းခွင်ပြင်ပမျိုးမှာပါမလုပ်သင့်တဲ့ အဆိုးဆုံး လုပ်ရပ်မျိုး ဖြစ်ပါတယ်။

    (၆) လေလုံးထွားပြောဆိုခြင်း
    ++++++++++++++
    လုပ်ငန်းခွင်အတွင်း မိမိတာ၀န်မယူရသေးသည့် ကိစ်္စများကို မစဉ်းစားမချင့်ချိန်ဘဲ သူတစ်ပါးအထင်ကြီးအောင် လေလုံးထွားတာ၀န်ယူ ပြောဆိုခြင်းမျိုး မပြုလုပ်ဖို့ လိုအပ်ပါတယ်။
    မိမိတာ၀န်ယူထားသောကိစ္စကို ပြီးမြောက်အောင် လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးမှု တစ်ခုခုဖြစ်သွားမိပြီဆိုရင်ဖြင့် သင်ဟာ တာ၀န်ကျေပွန်မှုမရှိသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်သောကြောင့် သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

    (၇) လိမ်ညာပြောဆိုခြင်း
    ++++++++++++
    လုပ်ငန်းခွင်အတွင်း အသေးအမွှားကိစ္စမှစပြီး
    ကြီးကြီးမားမားကိစ္စအထိ လိမ်ညာထားခြင်းမျိုး
    မလုပ်ပါနဲ့။ ဒါဟာ သင့်လုပ်ဖော်ကိုင်ဖက်များအပေါ် မရိုးသားသည့်သဘောကို သက်ရောက်စေပါတယ်။
    မည်မျှပင် သေးမွှားသည့်ကိစ္စပင်ဖြစ်စေသင် လိမ်ညာထား သည်ကိစ္စအတွက် အမှန်တရားကို သိရှိသွားသူတွေအဖို့
    သင့်ကို နောက်ထပ်ယုံကြည်မှုရရှိဖို့က အလွန်ကိုခက်ခဲသွားမှာဖြစ်တာကြောင့် ယုံကြည်မှုကို တည်တံ့ခိုင်မြဲနေစေရန် အမြဲလိုအပ်ပါတယ်။
    မကောင်းတဲ့အပြုအမူတွေကို ‌‌ ရှောင်ရှားပြီး ကောင်းတဲ့အပြုအမူတွေတွေ လိုက်နာကျင့်သုံးခြင်းဖြင့် အောင်မြင်သူတွေ ဖြစ်ထွန်းကြပါစေ။
    Credit:Job Seekers

Contact Us
Building (B-16), Room (3), Anawyathar Housing, Kamaryut township, Yangon